ရန်ကုန်၊ ၉ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အများပြည်သူများသိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ်သော ဗိုလ်တထောင်ဘုရား၊ လင်းစဒေါင်းဈေး၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ နန်းသီတာဆိပ်ကမ်း၊ ဘိုကလေးဈေးနှင့် ချမ်းမြေ့ဈေးတို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်အင်အား (၂၂)ဦးတို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)


