ဆိပ်ဖြူ၊ ၉ ဇွန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာတို့မှ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများက မွေးကင်းစအရွယ်မှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း/ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန် ၈ ရက် နံနက်ပိုင်းကစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများက မွေးကင်းစအရွယ်မှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း/ဆေးထိုးခြင်း လုပ်ငန်းများကို သတ်မှတ်နေရာအသီးသီးတွင် ထိုးနှံပေးနေကြောင်း သိရှိရပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း၊ ဦးအောင်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)


