ဇွန် ၁၀
ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံထုတ် Sinovac CoronaVac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထပ်မံလက်ခံရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် တရုတ်နိုင်ငံကလှူဒါန်းခဲ့သော CoronaVac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရရှိခဲ့ပြီးနောက် မတ်လ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုကို စတင်လုပ်ဆောင်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် သက်ကြီးရွယ်အိုများနှင့် ရှေ့တန်းမှလုပ်ဆောင်နေသော ကျန်းမာရေး လုပ်သားများကို ဦးစားပေးထိုးနှံခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ခြောက်သန်းကျော်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ သန်း ၇၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၈၆၂၁၇ ဦးရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၂၁၉၀ ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို