ဂွ၊ ၁၀ ဇွန်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်၂၀၂၁-ခုနှစ်၊အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဖလား(၃)ဦးတွဲ အမျိုးသား ဘောလီဘောပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက်(၁၀)နာရီက မြို့မ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ဆုကြေးငွေနှင့် ပြိုင်ပွဲဖြစ်မြောက်အောင် အဓိကကူညီပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် ကင်းရုံး(၂)အသင်းနှင့် ဒုတိယဆုရရှိသည့် သန့်ဇင်နှင့်အဖွဲ့ အသင်းတို့အား တာဝန်ရှိသူများက လည်ဆွဲတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပထမဆုရရှိသည့် ကင်းရုံး(၂)အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဖလား (၃)ဦးတွဲအမျိုးသားဘောလီဘောပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အသင်း(၁၈)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲပြီးသည်နှင့် တစ်ပြိုင်နက် ဆုရရှိသည့်အသင်းများအားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရွှေရည်ဝင်း


