ရမည်းသင်း၊  ၁၀  ဇွန်

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများက မေ ၃ ရက်မှ ဇွန် ၁၀ ရက်နေ့အထိ မြို့မအုပ်စုနှင့် ကျေးရွာအုပ်စု (၆)စု၊ အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အမှတ်(၁) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ဖြစ်ကြောင်း သိရသည်။

 

ရမည်းသင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်ကြားရှိ နိုင်ငံသားစိစစ်ရေးကတ်ကို အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၄၂ ဦးနှင့် အသက် ၁၈ နှစ်နှင့်အထက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ကို အမျိုးသား ၁၄၇ ဦး၊ အမျိုးသမီး ၁၉၉ ဦး စုစုပေါင်း ၄၂၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အိမ်ထောင်စုစာရင်းမှခွဲထွက်သူများနှင့် အသစ်ပြုလုပ်သူတို့၏ အိမ်ထောင်စု ၄၇၉ စုအား အိမ်ထောင်စုစာရင်းများ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူးထံမှ သိရသည်။

 

(ခရိုင် ပြန်/ဆက်)