လှိုင်းဘွဲ၊  ၁၀   ဇွန်

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် (၁၂)နာရီက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ ဆက်လက်ကျင်းပလျက်ရှိသည်။

 

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သံဃနာယကအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ အကျိုးဆောင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များက ကြီးကြပ်ကာ စတုတ္ထနေ့ စာမေးပွဲအဖြစ် ပထမကြီးတန်းတွင်(၆)ပါး၊ ပထမလတ်တန်းတွင်(၁၀)ပါး၊ ပထမ ငယ်တန်းတွင်(၁၇)ပါး၊ အခြေပြုမူလတန်းတွင်(၂၇)ပါး၊ စုစုပေါင်း(၆၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ ကြောင်း သိရသည်။

 

၎င်းစာစစ်ဌာနသို့ ကြွရောက်တော်မှုကြသည့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေ သံဃာများ၏ ဆွမ်း၊ ဝေယျာဝစ္စအဝဝတို့ကို ဆရာတော်ကြီးများက အနီးကပ် စီမံကြီးကြပ်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ အလှူရှင် ဒါယကာ၊ ဒါယကာမများက နေ့စဉ်လှူဒါန်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)