ကျိုက်ဒုံ၊ ၁၀ ဇွန်
ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့ မိကွီးနီကျေးရွာတွင် နေအိမ်ခြံဝင်းများအတွင်း ဝဥများစိုက်ပျိုးလျက်ရှိရာ ဝဥစိုက်တောင်သူများ နှစ်စဉ်ပုံမှန်ဝင်ငွေများ ရရှိကြောင်းသိရသည်။
ဝဥ စိုက်ပျိုးရာတွင် မြေဆီလွှာမကောင်းသည့်နေရာများ၊ စိုက်ပျိုးရန် မြေနေရာအနည်းငယ်သာရှိသည့် တောင်သူများအနေဖြင့် ဘိလပ်မြေအိတ် အခွံလွတ်များတွင် မြေဆွေးနှင့် မြေဩဇာများ ထည့်သွင်းပြီး စနစ်တကျ စိုက်ပျိုးနိုင်ကြောင်း၊ ဝဥမျိုး ၁ တင်းလျှင် ငွေကျပ် ၄၅၀၀၀ ပေးဝယ်ရ တောင်သူ ဒေါ်ငယ်ငယ်၏ ပြောပြချက်အရ သိရသည်။
ထိုသို့ ဝဥစိုက်ပျိုးရာတွင် တောင်သူ ဒေါ်ငယ်ငယ်၏ အိမ်ခြံဝင်းအတွင်း ဝဥမျိုးဥ တင်း(၂၀)အား စိုက်ပျိုးထားပြီး စုစုပေါင်း ဝဥမျိုးဥ (၃၀၀၀)ကျော် ရင်းနှီးစိုက်ပျိုးထားကြောင်း သိရသည်။
ဝဥများကို စတင်စိုက်ပျိုးသည့်ရက်မှ နောင်လာမည့် သုံးနှစ်တွင် ပြန်လည်တူးဖော်ရပြီး ဝဥတစ်လုံးလျှင် တစ်ပိဿာမှ ငါးပိဿာကြား အလေးချိန်ရှိပြီး ယခင်နှစ်က ကျိုက်ဒုံမြို့တွင် ဝဥ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်အထိ စျေးကောင်းရရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)


