စေတုတ္တရာ၊ ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း၌ ပုပိုင်းကျေးရွာအုပ်စုမှ တောင်သူ (၁၂)ဦး၏ စပါးသီးနှံစိုက်ဧက(၇)ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၃၇)ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၄၇သိန်း၅သောင်းကို ထုတ်ချေးပေးပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများအချိန်မီဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ တောင်သူဦးရေ(၁၅၄၉) ဦးတို့ကို ချေးငွေစုစုပေါင်း ၆၀၅၄ ဒဿမ၅၀ သိန်း ထုတ်ချေးပေးရန် လျာထား ထားရှိပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


