မြို့သစ်၊ ၁၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့်  မြို့နယ်အတွင်းရှိ လဲလူ အုပ်စု၊ လေးတိုင်စင်အုပ်စု၊ ရေပြည့်အုပ်စုများရှိ ကျေးရွာများမှ  တောင်သူများသည် မိုးသီးနှံများ စိုက်ပျိုးရန် စတင်ထွန်ယက်နေပြီဖြစ်ကြောင်း ဒေသခံ တောင်သူများထံက သိရသည်။

 

"ကျွန်တော်တို့ရွာဘက်မှာ ဇွန်လဆန်းလောက်ကစပြီး မိုးရွာတယ်၊ မိုးရွာသွန်းမှုကနည်းသေး သော်လည်း ထယ်ရေးပြင်ရနိုင်သည်အထိ ရွာသွန်းခဲ့လို့ တောင်သူတွေအနေနဲ့ ဇွန်၆ ရက်နေ့ကစပြီး တော့မိုးသီးနှံများ စိုက်ပျိုးရန်အတွက် ထွန်စက်နဲ့ခုတ် မိုးရွာလာတော့ နွားရှဉ်းနဲ့    မွှေနောက်ပြီး ကြဲတာပါ၊ အခုနှစ်နှမ်းစိုက်တာရော၊ ပင်ထောင်မြေပဲစိုက်တာကို သုံးသွားချောင်းဖော်ပြီး စိုက်ကြပါတယ်။ လယ်ယာလုပ်သားရှားပါးတာရယ်၊ လုပ်အားခဈေးနှုန်းကြီးမြင့်တာရယ်ကြောင့် ချောင်းစနစ် နဲ့စိုက်တဲ့အတွက် အလုပ်သမားဦးရေများများ မသုံးရဘူး၊ ပေါင်းမြက်သုတ်သင်စရိတ် သက်သာတာပေါ့၊ ကျွန်တော်တို့ယာခင်းကိုတော့ တစ်နေကုန်အပြီးစိုက်လိုက်တာ ပြီးသွားပါပြီ ဟု မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာမှ မိုးနှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

 

မြို့သစ်မြို့နယ် လဲလူအုပ်စု၊ လေးတိုင်စင်အုပ်စု၊ ရေပြည့်အုပ်စုတို့မှ တောင်သူများသည် လွန် ခဲ့သော(၃)ရက်ခန့်ကတည်းက မိုးရွာသွန်း၍မိုးသီးနှံများစိုက်ပျိုးလျှက်ရှိကြောင်း မြို့သစ်မြို့အနီးပတ် ဝန်းကျင်ကျေးရွာများတွင်  ဇွန်လ (၆)ရက်နေ့  ညနေပိုင်းမှစ၍  မိုးရွာသဖြင့် ဇွန်လ(၇) ရက်က စတင်ပြီး ထယ်ရေးခံခြင်း၊ မိုးသီးနှံစိုက်ပျိုးခြင်းများဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

သန်းဝင်ထွန်း (မြိို့သစ်)