ဟားခါး၊  ၁၁  ဇွန်

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇွန်လ ၈ ရက်မှစ၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၁ ရက်တွင်လည်း အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်ကာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနိုးဆော်မှုများကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တို့က ဒေသခံပြည်သူများအနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းများ ပြန်လည်သတိပြုစေရန်နှင့် သတ်မှတ်စည်းကမ်းများအတိုင်း ပြည်သူတစ်ရပ်လုံး  ပြုမူ၊ နေထိုင်နိုင်စေရန် အသိပညာပေး နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဟားခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန် / ဆက်)

mdn