မြစ်ကြီးနား၊ ၁၁ ဇွန်
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဇွန် (၇)ရက်က ဖွင့်လှစ်ခဲ့သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအား ပြည်နယ်အသေးစားစက်မှု လက်မှုဦးစီးဌာနရုံး၌ ဇွန် ၁၁ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းသား/သူများအား သင်တန်း ဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးမှ ယခုလိုသင်တန်းများဖွင့်လှစ်ပေးသည့်အတွက် မိမိတို့၏ မိသားစုအခက်အခဲများအား တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင်သင်ကြားပို့ချပေးခဲ့သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာအား အကျိုးရှိစွာ အသုံးချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် မန်ခိန်ကျေးရွာနှင့် မိုင်းနားကျေးရွာမှ သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက်ခဲ့ပြီး လက်သန့်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


