ရန်ကုန်၊ ၁၁ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်သစ် အောင်ဇေယျ (၈)လမ်းထိပ်တွင် ဓာတ်တိုင်ဓာတ်ကြိုးများ ပျက်ကျပြီး သစ်ပင်ပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်များ ဓာတ်တိုင်များပြိုကျမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ပြည်သူများ အန္တရာယ်မဖြစ်စေရန်အတွက် အချိန်နှင့်တစ်ပြေးညီရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
မိုးရာသီတွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်မှုကြောင့် အန္တရာယ်ဖြစ်ပေါ်ပါက ကူညီပေးနိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီအကြောင်းကြားရန် လိုအပ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှလည်းပြောကြားခဲ့သည်။
စန္ဒာမိုး(ပြန်/ဆက်)


