မန္တလေး၊ ၁၁ ဇွန်
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးရန် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးနေမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ကာကွယ်ဆေးထိုးနှံနေမှုများကို လိုက်လံရှင်းလင်းပြသသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပညာရေးဝန်ထမ်းများကို ဦးစားပေးထိုး နှံပေးလျက်ရှိရာ ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် ဒုတိယအကြိမ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


