ဆော၊ ၁၂ ဇွန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါခရိုင် ဆောမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇွန် ၁၁ ရက်က ဆောမြို့နယ် လောင်းရှည်(မြို့ဟောင်း) ဈေးရပ် ဓမ္မာရုံ၌ အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်သူနှင့် မှတ်ပုံတင်ကတ်ပြားမရှိသူ ၁၂ ဦးအား ဆောင်ရွက်ပေးခဲ့ပြီး ဇွန် ၆ ရက်က မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ ၅၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ သည့်အပြင် အိမ်ထောင်စုစာရင်း ပျက်စီးနေသည့် အိမ်ထောင်စု ကိုးစုအား အိမ်ထောင်စုစာရင်းများ ထုတ်ပေးခဲ့ကြသည်။
ထို့ပြင် ကျန်ရှိနေသေးသည့် ကျေးရွာများသို့လည်း ကျေးရွာအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၁၄၄


