မိုးညှင်း၊ ၁၂ ဇွန်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်တွင် ဇွန် ၁၂ ရက် နံနက် ၇ နာရီခွဲက ၂၀၂၁ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပွဲတော် ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြို့နယ်သစ်တော ဦးစီးဌာန၏အစီအစဉ်ဖြင့် ခရေပင် ၁၀၀၊ ကံ့ကော်ပင် ၁၀၀၊ ရေမနေပင် ၁၀၀၊ ပိတောက်ပင် ၁၀၀၊ ပျဉ်းကတိုးပင် ၅၀၊ ကျွန်းပင် ၅၀၊ မဟော်ဂနီပင် နှစ်ပင်နှင့် စကားဝါပင်နှစ်ပင် စုစုပေါင်း သစ်ပင် ၅၀၄ ပင် တို့စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးမှူး ဦးကြည်စိုးနှင့်အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


