mdn

 

ထားဝယ်       ၁၃    ဇွန် 

 

၂၀၂၁ ခုနှစ်  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချူပ်ရေးကောင်စီအိမ်ရာဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးတင်အောင် ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်သီသီစိုးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊    မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များတို့က သစ်ပင်ပျိုးပင် ( မဟောဂနီ၊ စိန်ပန်း၊ ကညင်၊ ခရေ၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ သစ်ရှိုး၊ တမလန်၊ ငုဝါ၊ ကံ့ကော်ပင်) စုစုပေါင်းပျိုး  ပင်(၁၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

သစ်တောသစ်ပင်ကျေးဇူးရှင်ထိန်းသိမ်းကြစို့ထာဝစဉ်၊  ရှင်အောင်စိုက်ပျိုးကြီးအောင်ပြုစုမြဲအောင်ထိန်းသိမ်း ၊ ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင်စွမ်းအင်လည်းရပြန်လည်းလှ၊ နှစ် ၂၀ တဝိုက်အချိန်ကိုက် တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ အခုချိန်စိုက်နောက်မကျ ဒုတိယအကြိမ်အကောင်းဆုံးပ စသည့် ဆောင်ပုဒ်များနှင့်အညီ စုပေါင်းသစ်ပင်ပျိုးပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

 

(တိုင်းဒေသကြီးပြန်/ဆက်)