ပြည်ကြီးမဏ္ဍိုင်၊ ၁၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေး အမှိုက်ကင်းစင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ပြည်ကြီးမဏ္ဍိုင်မြို့နယ် မြေမီးသတ်စခန်းတာဝန်ခံ ဦးမျိုးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ လေညာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးအဖွဲ့များနှင့် ပြည်သူများက ရေမြောင်းများ ရေစီရေလာ ကောင်းမွန်ရေး၊ အန္တရာယ်ဖြစ်နိုင်သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မျိုးလွင် (ပြန် / ဆက်)


