ကျွန်းစု၊  ၁၄  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် “စေတနာ သွေးနှင့် အောက်ဆီဂျင်ကူညီမှု အသင်းက ကိုဗစ်- ၁၉ ရောဂါပိုးတွေ့သူများ၊ စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူများနှင့် ရပ်ကွက်အတွင်း အသွားအလာ ကန့်သတ်ထားရှိသူများ၏ မိသားစုများအတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင် ကျွန်းစုမြို့ “စေတနာ သွေးနှင့် အောက်ဆီဂျင်ကူညီမှုအသင်းဥက္ကဌ ဦးဝင်းရှိန်နှင့် အသင်းဝင်များက ကိုဗစ်- ၁၉ ရောဂါပိုးတွေ့သူများ၊ စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူများနှင့် ရပ်ကွက်အတွင်း အသွားအလာ ကန့်သတ်ထားရှိသူများ၏ အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၆)ပြည်ဝင် (၁)အိတ်၊ စားဆီ(၁)ဘူး၊ ကြက်သွန်နီ (၁)ပိဿာ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ကော်ဖီမစ်၊ နို့ဆီ စသည့် အခြေခံစားသောက်ကုန်များနှင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ကြက်ဥ(၉၀)နှင့် ကော်ဖီမစ်အထုပ်ကြီး (၃)ထုပ် တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်စန်းဝင်းထံ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး မှတစ်ဆင့် အိမ်ထောင်စု(၁၄)စုထံ အသီးသီးထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

mdn