မိုင်းယောင်း၊ ၁၄ ဇွန်

 

စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အသိနှင့်ပညာ” စာအုပ်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ရုံးတွင်း စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာနှင့် အငယ်တန်း စာရေး ဒေါ်နန်းစီဖေါင်းတို့က အသိနှင့်ပညာ၊ သွားလျှင်တစ်တိုင် နားလျှင်တစ်ထိုင်၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ချစ်သောမိုးရေ၊ သုတနှင့် မုတအတွေ့အကြုံ၊ လူမှုဆက်ဆံရေး အရည်အသွေး၊ အကျိုးရှိစွာ နားထောင်တတ်ပါစေ၊ မီဒီယာသမားကောင်းနှင့် မေတ္တာ၏ အရသာ အကြောင်းများကို တစ်ဦးချင်း ဖတ်ကြားခဲ့ကြသည်။

 

ထို့နောက် “စာဖတ်ခြင်းမှရသော  အတွေ့အကြုံ(သုတ)ကို မိမိ၏ လက်တွေ့ဘဝပြဿနာ အတွေ့အကြုံ(မုတ)တွင် အသုံးချ ဖြေရှင်းနိုင်စွမ်းရှိခြင်းသည် ပညာပင်ဖြစ်သည်”အကြောင်းကို အပြန်အလှန်ဆွေးနွေးကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း