လားရှိုး၊ ၁၄ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း(NEP)၊ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ညောင်ပင်သာကျေးရွာ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စော၊ ခရိုင်၊ မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့်အတူ တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အသုံးပြုမှုနည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ လည်ပတ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့သည်။
ညောင်ပင်သာကျေးရွာတွင် မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)၊ ICB-1 ဖြင့် တစ်အိမ်သုံးဆိုလာ (၃၀)ဝပ်(၇)လုံး၊ (၄၅)ဝပ်(၃)လုံး၊ (၆၀)ဝပ်(၁၀)လုံး၊ ICB-4 ဖြင့် (၆၀)ဝပ်(၃၂)လုံး၊ (၁၀၀)ဝပ် (၅)လုံး၊ မူလတန်းကျောင်းအတွက်ဆိုလာ တစ်စုံ၊ ကျန်းမာရေးဌာနအတွက် ဆိုလာတစ်စုံ၊ ဘာသာရေးအဆောက် အဦ အတွက်ဆိုလာ တစ်စုံ၊ လမ်းမီးတိုင်(၅)ခု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်နေ ပြည်သူတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်က ပြောသည်။
စိုးမိုးကျော်


