ကျွန်းစု၊ ၁၅ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်း (၁)လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၁ နာရီခွဲက ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ သာသနဟိတကာရီ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးတို့က အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၄ ရက်အထိ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ တာရပိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)