ရမည်းသင်း၊ ၁၅ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၆၆)ရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးလျက်ရှိသည့် အများသုံးနေရာမှ ရေနမူနာများကိုရယူကာ ရေအရည်အသွေး စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ထိုသို့စမ်းသပ်စစ်ဆေးရာတွင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများက ​ဒေသခံ​ပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းမှ ရေနမူနာများကိုရယူကာ ​ရေထဲတွင်ပါဝင်သော လူနှင့်တိရစ္ဆာန် အညစ်အကြေးဓာတ်ကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော အီကိုလိုင်(E-Coli) ဗက်တီးရီးယားပိုးမွှားများပါဝင်မှု ရှိ/မရှိကို ရေထွက်ပင်ရင်းမှ ရေကိုယူဆောင်၍ ၂၄ နာရီအတွင်း စမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

 

ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် အသုံးပြုလျက်ရှိသည့် ရေထွက်ပင်ရင်းများ၏ ရေများကို စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

 

ရဲအောင်(ကျေးလက်)

 

mdn