ပဲခူး၊ ၁၅ ဇွန်
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ)တို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ)တို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ရာတွင် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀ဝ)နှုန်းဖြင့် ပဲခူးခရိုင်အတွင်းရှိ (၇၇၁၃)ဦးအတွက် ထောက်ပံ့ငွေ (၂၃၁၃၉၀၀၀၀)ကျပ်၊ တောင်ငူခရိုင်အတွင်းရှိ (၅၈၅၆)ဦးအတွက် ထောက်ပံ့ငွေ (၁၇၅၆၈၀၀၀၀)ကျပ်၊ ပြည်ခရိုင်အတွင်းရှိ (၇၄၈၉)ဦးအတွက် ထောပ်ပံ့ငွေ (၂၂၄၆၇၀၀၀၀)ကျပ်၊ သာယာဝတီခရိုင်အတွင်းရှိ (၈၂၂၅)ဦးအတွက် ထောက်ပံ့ငွေ (၂၄၆၇၅၀၀၀၀)၊ စုစုပေါင်း လူမှုပင်ရေးပင်စင်ရရှိသည့် ဘိုးဘွား(၁၅၇၁၄)ဦးအတွက် ထောက်ပံ့ငွေ (၄၇၁၄၂၀၀၀၀)ကျပ်အား သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ ခရိုင်/ မြို့နယ်/ ရပ်ကွက်နှင့် ကျေးရွာအလိုက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


