သုံးခွ၊ ၁၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ မီးသတ်တပ်ဖွဲ့က မီးဘေးန္တရာယ်ကြောင့် ပြည်သူမျာ၏ အသက်အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ရေး၊ မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ထားရှိသည့်အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
"မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်" ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်မှာ ရာသီမရွေး ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လေ့ကျင့်ခန်းများ အပတ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၄ ရက် နံနက် ၈ နာရီက မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်းသိရှိရသည်။
ကိုကျော်(သုံးခွ)


