ကြာအင်းဆိပ်ကြီး၊ ၁၅ ဇွန်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရာသီအလိုက် အစားအစာဖြစ်သည့် အင်ဥများနှစ်စဉ် မိုးဦးကျကာလ ဇွန်လအတွင်း၌ ထွက်ရှိကာ ဝယ်ယူစားသုံးသူများသဖြင့် ဈေးကောင်းရရှိကာ အင်ဥရှာဖွေရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါအင်ဥများကို ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိသည့် အင်ပင်တောများရှိ အင်ပင်၏ အောက်ခြေမြေကြီးအတွင်းမှ ထွက်ရှိပြီး အင်ဥရှာဖွေသူများမှာ အင်တောကြီးများသို့ သွားရောက်ရှာဖွေကာ ကြာအင်းဆိပ်ကြီးမြို့ မြို့မဈေးသို့ လာရောက်ပြန်လည်ရောင်းချကြောင်း၊ အင်ဥတစ်ဗူးလျှင် ငွေကျပ် ၁၀၀၀ အထိရရှိကြောင်း၊ ယခုနှစ် အင်ဥထွက်ချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယခင်နှစ်ထက် အထွက်နှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

 

မျိုးမင်းဦး