မိုင်းဆတ်၊ ၁၅ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ဇွန် ၁၅ ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေထွန်းက "အမျိုးသားနှင့် အမျိုးသမီးများ သာတူညီမျှဖြစ်မှုနှင့်တန်းတူညီမျှဖြစ်မှု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ မူဝါဒများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း၏ အဓိကလုပ်ငန်း နယ်ပယ်များ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အမျိုးသမီး အခွင့်အရေးများကို အမျိုးသမီးကော်မတီ၊ အမျိုးသမီးအဖွဲ့အစည်းများက သိနားလည်ပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း" ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
အဆိုပါသင်တန်းတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကျားမရေးရာသတ်မှတ်ချက်အခြေခံသဘောတရားများ(Gender)၊ အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW)နှင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)တို့နှင့်ပတ်သက်၍ တစ်ရက် တာသင်ကြားပို့ချပေးမည်ပြီး မြို့နယ်အမျိုးသမီးကော်မတီဝင်များ နှင့် အမျိုးသမီးသမီးအဖွဲ့အစည်းများမှ သင်တန်းသူ(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)


