သဲကုန်း ၁၆ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်း ပုံသဏ္ဌာန်ဖြင့် ကူးစက်ပျံ့ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိရပ်ရွာအတွင်း ပြည်ပမှ ပြန်လာသူများရှိပါက တာဝန်ရှိသူများထံသို့ သတင်းပေးပို့သွားရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)


