မော်လမြိုင်ကျွန်း၊ ၁၆ ဇွန် 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် တိရစ္ဆာန်မှ လူသို့ကူးစက်တက်သောရောဂါများနှင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပညာပေးသင်တန်းအား COVID- 19 ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဇွန် ၁၅ ရက်မှ ၁၆ ရက်ထိ ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သင်တန်းအား တိရစ္ဆာန်များမှတစ်ဆင့် လူများသို့ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက ခွေးရူးရောဂါကာကွယ်ရေး၊ ကြက်ငှက်တုပ်ကွေး၊ ဝက်သံကောင်ရောဂါ၊ ဒေါင့်သန်းရောဂါများအကြောင်း အသိပညာပေး ဆွေးနွေးပြီး သင်တန်းသားသင်တန်းသူများနှင့် အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ သင်တန်းအား မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး လက်သန့်ဆေး၊ mask ၊ သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရှိရသည်။

အောင်အောင်(ပြန်/ဆက်)