ငပုတော ၁၆ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စုအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုရင်းနှင့် မှတ်ပုံတင်တစ်ခါမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးခြင်းများကို အမြန်ဆုံးပြန်ရရှိရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အငယ်တန်းရေးတို့က စာရင်းများကောက်ယူခြင်းကို ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ဟင်းအိုးချောင်းကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ပြုလုပ်ရခြင်းမရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ ရှိနေခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက အုပ်စုအတွင်း နေထိုင်သူ အိမ်ထောင်စုရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ‌စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)