ညောင်ရွှေ ၁၆ ဇွန်
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးခြင်းကို ဇွန်(၁၆)ရက် နံနက် ပိုင်းမှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ညောင်ရွှေမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိန်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုအကြိမ်အတွက် ကာကွယ်ဆေးလုံးရေ (၃၀၀)အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ (ပြန်/ဆက်)


