ပြည် ၁၆ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆံတော်ရပ်ကွက် ကသည်းဈေးတွင် ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်နိုင်ရေး အသိပညာပေးသည့်အနေဖြင့် Mask Campaign ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးနိုင်လင်းဦး၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်/ပင်၊ မြို့နယ်လ.ဝ.က၊ မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီမှဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယင်းအဖွဲ့က စျေးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား စနစ်တကျ mask တပ်ဆင်ရေး အသိပညာပေးဆွေးနွေးကာ mask အခုရေ ၁၀၀၀ ခန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူမျာထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)