ညောင်လေးပင်၊ ၁၆ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အဖွင့်အမှာစကားပြော ကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများထံ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်း ဖြင့် ဘိုးဘွား(၃၄၇)ဦးအတွက် ငွေကျပ်(၁၀၄၁၀၀၀၀) ပေးအပ်ခဲ့သည်။
အလားတူ ဇွန်လ ၉ရက်ကလည်း ပထမအကြိမ်အဖြစ် ဘိုးဘွား(၃၄၆)ဦး အတွက် ငွေကျပ်(၁၀၃၈၀၀၀၀) အားထောက်ပံ့ပေးပေးအပ်နိုင်ခဲ့ကာ ကျန်ရှိနေသေးသော ဘိုးဘွား(၃၄၆)ဦးအတွက်ကိုလည်း အစီအစဉ်အတိုင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေလင်း(ညောင်လေးပင်)


