တနိုင်း၊ ၁၆ ဇွန်
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာမြေပိုင်ဆိုင်သူ တောင်သူများအား ဒေါင်ဖန်းလက်တွန်းထွန်စက်အမျိုးအစားများကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းမှ စတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လက်တွန်းထွန်စက်များကို မြန်မာနိုင်ငံအတွင်းရှိ နယ်စွန်းနယ်ဖျား ဒေသများ ဖြစ်သည့် တနိုင်း မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ လယ်ယာမြေပိုင်ဆိုင်သူတိုင်း ဒေါင်ဖန်းလက်တွန်း ထွန်စက်(၂၉)စီးကို အရစ်ကျ(၂)နှစ် (၃)ရစ်ကျဖြင့် အတိုးမဲ့ငွေကျပ် (၂၁၅၁၀၀၀)ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ဇွန်(၁၅)ရက်နေ့မှ ဇွန်(၁၆)ရက်နေ့အထိ ကျေးရွာ(၄)ရွာနှင့် ရပ်ကွက်(၄)ခုတို့မှ တောင်သူများက ဝယ်ယူပြီးကြောင်းနှင့် ကျန်ရှိနေသော လက်တွန်းထွန်စက်(၂၁)စီးကို ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။
ဝါဝါ ပြန်/ဆက်


