မုဒုံ၊ ၁၇ ဇွန်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သဘာဝချည်ဆိုးဆေးသင်တန်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရိုးရာရက်ကန်းပညာနှင့် ဆက်နွယ်သည့် သဘာဝဆိုးဆေးဖြင့် လက်ရက်ထည်များ ထုတ်လုပ်နိုင်ပြီး သဘာဝဆိုးဆေးနည်းပညာများ ပြန့်ပွားလာစေရန်၊ ပြည်တွင်းစျေးကွက်တွင် သာမက ပြည်ပစျေးကွက်ထိ ရောင်းချနိုင်သည့် လက်ရက်ထည်များထုတ် လုပ်လာနိုင်စေရန်နှင့် သဘာဝ ဆိုးဆေးနည်းပညာဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှခက်က ပြောကြားသည်။
အဆိုပါ သင်တန်းကို မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သဘာဝဆိုး ဆေးနည်းပညာကို စိတ်ပါဝင်စားသည့် သင်တန်းသား(၁၅)ဦးတို့အား ဇွန်လ ၁၄ ရက် နေ့ မှ ဇွန်လ ၂၀ ရက်နေ့ထိ တစ်ပတ်ကြာ သင်တန်းနည်းပြ(၂)ဦးဖြင့် စာတွေ့လက် တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


