ပဲခူး၊  ၁၇ ဇွန်

ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ရှိ ဦးဘိုနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသား ချဲ့ထွင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မက္ကတစ်လမ်းမ နှင့် ရှင်စောပုလမ်းတို့အား ဆက်သွယ်ထားသည့် ဦးဘိုနီ (ကျောက်လမ်း) လမ်းမ ဖြစ်သည်။

အဆိုပါလမ်းသည် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံ ငွေကျပ်(၃၅၈.၃)သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် အရှည်ပေ (၁၂၉၀)၊ လမ်းအကျယ် (၂၄)ပေ၊ ထုထည်(၃)လက်မရှိသည့် ကတ္တရာလမ်းသား ချဲ့ထွင်မှု နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ရုံးမှ သိရှိရသည်။

မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)

mdn