ကျောက်ဆည်၊ ၁၇ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို မေ(၃)ရက်မှစတင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက် (၁၀)နာရီတွင် ရဲစုအုပ်စု၊ တံတားလည်ရပ်ကွက်၊ ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကတ်များ ပြုလုပ်ပေးရာတွင် မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသောင်းဒန်နှင့် ဝန်ထမ်းများက လုပ်ငန်းများလျင်မြန်စွာပြီးစီးနိုင်ရေး ရုံးအဖွဲ့နှင့်ကွင်းဆင်းအဖွဲ့ဟူ၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများနှင့် စက်ရုံ၊ အလုပ်များတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ် (၁၁၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၄၁)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 သက်မောင်(ကျောက်ဆည်)

mdn