မိုးကောင်း၊ ၁၇ ဇွန်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးLယော်ထုန်နှင့် ဝန်ထမ်းများသည် မေ ၃ ရက်မှစတင်၍ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအသီးသီးမှ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် ဇွန် ၁၇ ရက်အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့သူ ကျား ၆၃ ဦး မ ၅၁ ဦး စုစုပေါင်း ၁၁၄ ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့သူ ကျား ၅၀ မ ၄၉ ဦး စုစုပေါင်း ၉၉ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု ၁၂၆ စုရှိကြောင်း သိရသည်။
(၁၀၁)


