မြို့သစ် ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇွန် ၁၇ ရက် နံနက် ၈ နာရီကစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့သစ်မြို့ စည်ပင်သာယာစျေးအတွင်းနှင့် စျေးအပြင်ဘက် စာတိုက်လမ်းဆုံတို့တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က ကြီးကြပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့တွင်း ဝင်/ထွက်လျက်ရှိသော မော်တော်ယာဉ်များ၊ ခရီးသည်များ၊ စျေးရောင်း၊ စျေးဝယ်သူများ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှားခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းဝင်ထွန်း(မြို့သစ်)


