ကျောက်ကြီး၊  ၁၈  ဇွန်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် လိန်ပင်ကျေးရွာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွှဲတန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဇွန် ၁၈ ရက် နံနက် ၁၀ နာရီတွင် မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် () ဦးမြမောင်၊ ကျောက်ကြီး မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များလိုက်ပါပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၉၅၇၇၀၀) ဖြင့် စစ်တောင်းမြစ် ကမ်းထိန်းတန်း ပေ (၁၀၀) ၊ အရှည် () တန်း၊ ရေလွှဲတန်းပေ (၅၀)၊ အရှည် () တန်း၊ ပေ (၆၀) ၊ အရှည် () တန်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

လိန်ပင်ကျေးရွာတွင် နှစ်စဉ်မိုးရာသီရောက်တိုင်း ကမ်းပါးပြိုကျမှု အန္တရာယ်ဖြစ်ပေါ်နေ၍ လယ်ယာမြေ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ဆည်မြောင်းနှင် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စစ်တောင်းမြစ် ကမ်းထိန်းတန်းနှင့် ရေလွှဲတန်း လာရောက်တည်ဆောက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)

 

mdn