ကျောက်တံခါး၊ ၁၈ ဇွန်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ ၁၇ ရက် နံနက်(၉) နာရီက ကျောက်တံခါးမြို့ ရုံးပေါင်းစုံလမ်းရှိ မြို့နယ်အားကစားခန်းမတွင် တောင်သူများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ ချေးငွေပြေကျေသည့် တောင်သူ များကို ၂၀၂၁ ခုနှစ်၊ မေလ(၂၆)ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိပြီး စက်တင်ဘာလအထိ ထုတ်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးနိုင်ဝင်းထံမှ သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် အနန်းဘော်ကျေးရွာအုပ်စုနှင့် တောင်ခင်ကျေးရွာအုပ်စုမှ တောင်သူပေါင်း (၁၀၃၇)ဦး စိုက်ဧက(၇၁၉၈)ဧကအတွက် (၁၀၇၉၇)သိန်းကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


