ကျုံပျော်၊  ၁၈  ဇွန်

 

နှစ်စဉ်ကျင်းပမြဲဖြစ်သော မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း၌ ဇွန် ၁၈ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်သည်။

 

သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ ကျွန်း(၃၁၅)ပင်၊ မဟော်ဂနီ (၁၆၅)ပင်၊ မန်ဂျန်ရှား(၁၇၀)၊ ယူကလစ်(၁၂၀) နှင့် ပျဉ်းကတိုးပင် (၅၀)၊ စုစုပေါင်း သစ်ပင်(၈၂၀) တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ကျုံပျော်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့အတွက် ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်