နောင်ချို ၊ ၂၁ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်နှင့် ပါဟတ်ရပ်ကွက်၌ ယမန်နေ့က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ ဘူတာရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ကျား (၁) ဦး၊ အသက် ၄၆ နှစ် အရွယ် မ (၁) ဦး ၊ ပါဟတ်ရပ်ကွက်မှ အသက် ( ၂၉) နှစ်အရွယ် ကျား (၁)ဦး တို့ဖြစ်ပြီး အနံ့ပျောက်နေသဖြင့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့၏ ခရီးသွားရာဇဝင်နှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများအား စိစစ်ဆောင်ရွက်၍ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။
အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိသူ (၃)ဦး အား နောင်ချိုမြို့ပြည်သူ့ဆေးရုံ၌ သီးသန့်ထားရှိကာ ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)