လေးမျက်နှာ၊ ၂၁ ဇွန်          

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းသည် ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ကျေးရွာများအရောက် သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောကြားကာ  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

         

သင်တန်းကို  ဇွန်လ ၂ ရက်မှ ၂၁ ရက်အထိ ရက် ၂၀ ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆရာ ဦးထက်နိုင်က လက်တွေ့သင်ကြားပို့ချကာ မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသူ (၃၀) တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)