ငါးသိုင်းချောင်း၊ ၂၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့အစီအစဉ်ဖြင့် မိုးရာသီ ရေစီးရေလာ ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ဇွန် ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
မိုးရာသီ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အောင်ဆန်းရပ်ကွက်၊ စိန်မြလမ်း နှင့် ပုသိမ်-မုံရွာလမ်းမကြီး လမ်းဆုံနေရာရှိ ပင်မရေထုတ်မြောင်းမကြီး အရှည်ပေ (၂၀၀) တူးဖော်ဆယ်ယူခြင်းနှင့် စိန်မြလမ်း(ကွန်ကရစ်လမ်း)အား လမ်းပိုင်းကြံ့ခိုင်မှုအတွက် မြေသား လမ်းပုခုံးဘောင်ဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့ပေါ်ရပ်ကွက်(၆)ခုတွင် ရေမြောင်းများ တူးဖော်ဆယ်ယူခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရား အင်အားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများကို မိုးဦးကာလ ဇွန်လအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


