ကျောင်းကုန်း၊ ၂၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်ပြား ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်းများက ဇွန် ၂၀ ရက် နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ(၆၇)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၉)ခုတို့ကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၆၅)အုပ်စုရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ တိုက်နယ်မှူး(၆)ဦးတို့က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ (၈)အုပ်စု ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


