နတ်မောက် ၂၁  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်များကို ယနေ့နံနက် ၇ နာရီခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။                                            

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျရှိစေရန် သုံးပေအကွာ စည်းများ ပြုလုပ်‌ပေးထားခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားခြင်းများကို နတ်မောက်မြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။                                                       

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ဇွန် ၂၁ ရက်မှ   ၂၈  ရက်အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား‌ နေ့စဉ် နံနက် ၇  နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များ လာရောက်ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား  ဇူလိုင်လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

လှဝင်း