ကန်ပက်လက်၊  ၂၁   ဇွန်  

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လွန်ဒုံကျေးရွာစု၊ အောက်ဗွီတုံကျေးရွာ၌ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များကို လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ဇွန် ၂၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်နှင့် ဦးအောင်မြင့်(ဒုတိယဦးစီးမှူး)တို့က ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ အောက်ဗွီတုံကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လမ်းရေရှည်တည်တံခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ခွင့်ပြုရန်ပုံ ငွေ ကျပ်သိန်း ၁၀၀ ဖြင့် မြေသားလမ်းဖောက်လုပ်ခင်းခြင်း လမ်းအရှည် ၁ မိုင်၊ လမ်းအကျယ်(၁၂)ပေဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးရွာသူများကျေးရွာသားများကိုယ်တိုင် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေဖြစ်ကြောင်း၊ အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းဟာ အောက်ဗွီတုံကျေးရွာ၏  လယ်ယာဧက(၂၀၀)ကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်

mdn