လှိုင်းဘွဲ၊   ၂၁ ဇွန်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ငြိမ်းချမ်းစွာ ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူသော ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပင်စင်လစာများကို လကုန်ရက်နေ့အထိ အများပြည်သူရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ရာ ပင်စင်လစာလာရောက် ထုတ်ယူသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်စားအငြိမ်းစားဝန်ထမ်း (၈၀၀)ကျော်ခန့်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn