ကော့ကရိတ်၊  ၂၁  ဇွန် 

 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ယနေ့ နံနက် ၉နာရီမှစ၍ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းကို အများပြည်သူရုံးပိတ်ရက်များမှ အပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း နှင့် ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၃၄၄ဦးအား ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ  ထုတ်ပေးနိုင်ခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)