နေပြည်တော်၊  ၂၁  ဇွန်

             

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ဇွန်လ ၂၀ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် ဘုရားချောင်းကျေးရွာ၌ နေအိမ် ၁ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ပုသိမ်မြို့နယ်၊ (၁)ရပ်ကွက် ငဝန်မြစ်ကမ်းဘေးတွင် မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၁၀၀ ခန့်၊ အနံ ၁ ပေခန့် မြစ်ကမ်းပါး နိမ့်ကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ မြစ်ကမ်းဘေးရှိ နေအိမ် ၆ လုံး ယိမ်းယိုင်ခဲ့ပြီး နေအိမ် ၁ လုံး အုတ်နံရံအက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။

             

ထို့အပြင် အိမ်မဲမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆ လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် ၁၈ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အလားတူ လေးမျက်နှာမြို့နယ် အတွင်း မြစ်ရေတိုက်စားမှုကြောင့် ငှက်ပျောတောကျေးရွာ၌ အလျားပေ ၃၀ ၊ အနံပေ ၂၀ ခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)